ပျော်ဘွယ် နိုဝင်ဘာ ၂၂
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင်ရောက်ရှိမည့် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ဆောင်ပုဒ်များ၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်ဆောင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၀၃)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ ကဗျာနှင့် ကာတွန်းစသည့်အကြောင်းအရာများပါဝင်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ မိမိတို့နိုင်ငံ၏ အထင်ကရနေ့ထူးနေ့မြတ်တို့ကို မမေ့လျော့ဘဲ အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြပြီး၊ နိုင်ငံ့အကျိုးပြုလူငယ်၊ လူရွယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်စာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)