အမရပူရ နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲကြိုသင်တန်း၊ ဘွဲ့လွန်သင်တန်း၊ ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာသင်တန်း၊ မဟာ(ဥပဒေ)သင်တန်းနှင့် စာကြည့်တိုက်နှင့်သုတပညာဒီပလိုမာသင်တန်း စသည့် နေ့သင်တန်းအသီးသီးတို့၏ ပထမပညာသင်စာသင်ကာလနှင့် ဒုတိယပညာသင်စာသင်ကာလများကို နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ကြောင်းနှင့် သင်တန်းနှစ်အသီးသီးတို့၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှ စတင်၍ ဆောက်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသည့် အထူးပြုဘာသာရပ်များမှာ မြန်မာစာ၊ မြန်မာမှု၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာ၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသနပညာ၊ ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ၊ ရူပဗေဒ၊ နျူကလိယရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ အဏုဇီဝဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ စာကြည့်တိုက်နှင့်သုတပညာ၊ မှတ်တမ်းနှင့်မော်ကွန်းစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ကွန်ပျူတာသိပ္ပံပညာနှင့် အားကစားပညာ စသည့် ဘာသာရပ်ပေါင်း (၂၈) ဘာသာကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
စိုးသီဟ(အမရ)