ပျော်ဘွယ်မြို့နယ်တွင် အသင်းဝင်များနှင့်ဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၂၂

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “မင်းယောင်္ကျားတို့၏ စကားရာဇဝင်” စာအုပ်ပါ အကြောင်းအရာကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကိုအပြန်အလှန် ဆွေးနွေးကြခဲ့သည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် မိမိတို့နိုင်ငံတိုးတက်ရေးအတွက် သက်ဆိုင်ရာတာဝန်ကျ ကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ၊ မိမိတို့မျိုးဆက်များအားခိုင်မာသည် ဇာတိမြေကိုလက်ဆင့်ကမ်း ပေးခဲ့သူများ၏စကားရာဇဝင်များနှင့် လုပ်ဆောင်ချက်အမျိုးမျိုးတို့ကို ယနေ့ခေတ်လူငယ်များသိရှိစေရန်အတွက် များစွာအကျိုးပြုသည့်စာအုပ်ဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)