ငါန်းဇွန်မြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ငါန်းဇွန်  နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ ထမင်းစားကျောင်းဆင်းချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများသိရှိ လေ့လာနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ  အခမဲ့ထုတ်ဝေသော ၂ဝ၂၄ ခုနှစ် (၁ဝ၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အမျိုးသားညီညွတ်ရေး၊ မွေးရာပါအမျိုးသားရေး တာဝန်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ မြင်းမူမောင်နိုင်မိုး၏ အမျိုးသားအောင်ပွဲနေ့(ကဗျာ)၊ နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ စသည့်အကြောင်းအရာများပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)