ပြင်ဦးလွင်မြို့တွင် ၂၀၂၄ -၂၀၂၅ ခုနှစ်၊   မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ပြင်ဦးလွင်  နိုဝင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး(ရွှေရင်အေး)စံကွက်ရိတ်သိမ်းပွဲကို ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ မြိုင်ကြီးကျေးရွာရှိ  ကွင်းအမှတ်  (၇၀၁)၊ တောင်သူ  ဦးမြင့်အောင်၏  လယ်ယာစိုက်ခင်းတွင်   ယမန်နေ့ နံနက်  ၉ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ  တက်ရောက်ခဲ့ကြပြီးတောင်သူ   ဦးမြင့်အောင်၏ မိုးစပါး (ရွှေရင်အေး)  စံကွက်စိုက်ခင်း၊   ကွင်းအမှတ် (၇၀၁)၊ ဦးပိုင်အမှတ် (၅၄/၃)၊ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း စပါးစိုက်ခင်းအားရိတ်သိမ်းရာတွင် တစ်ဧကအစိုတင်း (၁၂၀)တင်း ထွက်ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)