လယ်ဝေးမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲများကျင်းပ၍ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

လယ်ဝေး နိုဝင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပြပွဲများ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် အမျိုးသားနေ့ဦးတည်ချက်များကို ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေကာ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ  ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)