သင်္ဃန်းကျွန်းမြို့နယ်အတွင်း (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်‌ဝေ

ရန်ကုန် နိုဝင်ဘာ ၂၁

အများပြည်သူများနှင့် ကျောင်းသားလူငယ်များ အမျိုးသားအောင်ပွဲနေ့အကြောင်း မမေ့မပျောက်ဘဲ အမှတ်ရစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လိုက်လံဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ အမျိုးသားရေးစိတ်ဓာတ်အားမာန် ဆောင်းပါး၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားနေ့ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း၏ အမျိုးသားညီညွှတ်ရေးညီလာခံမိန့်ခွန်း ကောက်နုတ်ချက်၊ အမျိုးသားအောင်ပွဲနေ့ ကဗျာနှင့် ကာတွန်းအစီအစဉ်များဖြင့် ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။

ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀၀) ဦးခန့်အား အထက်ပါသတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သူရိန်(ပြန်/ဆက်)