မိတ္ထီလာမြို့နယ် အင်အုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

မိတ္ထီလာ နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် အင်အုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် အင်အုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ဖြင့် အင်အုန်းကျေးရွာ၌ အရှည် ၆၆၀ပေ၊ အကျယ် ၁၂ပေ၊ ထု၆လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၅)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်(၅.၇၀)သန်း၊ စုစုပေါင်း ငွေကျပ်(၂၀.၇၀)သန်းဖြင့် အင်အုန်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ယခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ ၎င်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပြီမှုအခြေအနေကို မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အင်အုန်းကျေးရွာ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အကျိုးပြု အိမ်ခြေ (၁၄၅)၊ အကျိုးပြုလူဦးရေ (၅၇၃)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့် အတန်းနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်