ပင်လုံမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပင်လုံ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသား/ ကျောင်းသူလေးများ အမျိုးသားရေးစိတ်ဓါတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ် (၁၁) နာရီက ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သည် (၂၅-၁၁-၂၀၂၃) ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းဆောင်ရွက်ဆိုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၇-၁၂-၂၀၂၃) ရက်နေ့ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊​​ အမျိုးသားအောင်ပွဲနေ့ကဗျာ၊ ၂၀၂၄ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ အမျိုးသားညီညွှတ်ရေးဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၂၀-၁-၁၉၄၆) ရက်​​နေ့တွင် ပြောကြားသော အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှကောက်နှုတ်ချက်၊ မွေးရာပါအမျိုးသားရေးတာဝန်ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ကျောင်းသားလူငယ်ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် အခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)