မြစ်သားမြို့နယ်ကူမဲမြို့ရှိ Ok Oil Shop စက်သုံးဆီအရောင်းဆိုင်သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်

မြစ်သား နိုဝင်ဘာ  ၂၁     

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ Ok Oil Shop စက်သုံးဆီအရောင်းဆိုင်ကြီးသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများက ကူမဲမြို့ရှိ  Ok Oil Shop စက်သုံးဆီအရောင်းဆိုင်၌ မီးလန့်မှုနှင့်မီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီး၊ ရေနှင့်မီးသတ်ဆေးဘူးများ အဆင့်ဆင့်ထားရှိမှုနှင့်မီးသတ်ဆေးဘူးများစနစ်တကျ ပြင်ဆင်ထားရှိပြီး လေပေါင်ရှိ /မရှိတို့ကို စစ်ဆေးကာမီးဘေး လုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေး လိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)