ကျောက်တန်းမြို့နယ်၊ စင်မကော်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်တန်း နို၀င်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် စင်မကော်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်လတ်နှင့် ၀န်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်း၀င်လတ်နှင့် ၀န်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကော်မတီ၀င်များနှင့်အတူ စင်မကော်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် အရှည် ပေ ၁၇၀၊ အကျယ် ၁၀ပေ၊ အမြင့် ၆ လက်မရှိကျေးရွာလမ်း၊ အရှည် ၃၄၂ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၆ လက်မရှိ လမ်းနှင့် အရှည်ပေ ၅၀၀၊ အကျပ် ၃ ပေ၊ အမြင့် ၆ လက်ရှိ ကျေးရွာလမ်း ၃ လမ်းတို့အား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးငွေကျပ် သိန်း (၁၅၀)၊ ကျေးရွာပြည်သူလူထုထည့် ၀င်ငွေကျပ် သိန်း (၂၀) စုစုပေါင်း ရန်ပုံငွေကျပ်သိန်း (၁၇၀) ကို အသုံးပြု၍ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် ယခုနှစ် နို၀င်ဘာလဒုတိယအပတ်မှာ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ရာသီမရွေးအသုံးပြုသွားလာနိုင်တော့မည်ဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း ကြောင့်ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘ၀များ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)