မန္တလေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းများ စတင်ဖွင့်လှစ်၍ ပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိ

 

မဟာအောင်မြေ ‌နိုဝင်ဘာ ၂၁

အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုဝင်ဘာ (၁၄)ရက်နေ့မှ စတင်၍ ပိတ်ရက်မရှိ ကျောင်းအပ်နှံခြင်းများ စတင်ခဲ့ပြီး နိုဝင်ဘာ(၂၁) ရက်နေ့မှစ၍ ကျောင်းစတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရပြီး မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒု-ပါမောက္ခချုပ်များက သင်ကြားမှုများနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှု၍ သင်ကြားရေး ဆရာ၊ဆရာမများကို မိမိဘာသာရပ်၊ ပညာရပ် အသီးသီးအား စနစ်တကျ သင်ကြားပေးရန်မှာကြားခဲ့ပြီး မန္တလေးတက္ကသိုလ်၏ ၂၀၂၄-၂၀၂‌၅ ပညာသင်နှစ် ပထမနှစ်၊ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဂုဏ်ထူတန်းပထမ၊ ဒုတိယ၊ တတိယနှစ်၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာတန်းပထမနှစ်ဝက်သင်တန်းများနှင့် တတိယနှစ်၊ ဂုဏ်ထူးတန်း၊ မဟာတန်းဒုတိယနှစ်ဝက်သင်တန်းများ၊ ပါရဂူသင်တန်းများ အပါအဝင် ဘွဲ့ကြို၊ဘွဲ့လွန်ကျောင်းသား၊ကျောင်းသူများအနေဖြင့် မန္တလေးတက္ကသိုလ်ကျောင်း၌ မိမိတို့ တက်ရောက်သင်ကြားနေသည့် ဘာသာရပ်၊ပညာရပ်အသီးသီးတို့အား စိတ်ချမ်းမြေ့ပျော်ရွှင်စွာ တက်ရောက်သင်ယူလျက်ရှိနေကြောင်း မန္တလေးတက္ကသိုလ် (သင်တန်းရေးရာဌာန)တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဇော်မင်း