တံတားဦးမြို့နယ်တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တံတားဦး နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားရာတွင် ကျောင်းသား/သူများအနေဖြင့် မီးခိုး/မြူငွေ့လျှော့ချရေးနှင့်ပတ်သတ်ပြီး အလေးထားမှတ်သားစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးဌာနမှူးဦးရဲထက်အောင်က မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရင်းများ၊ လူသားများနှင့် ပတ်ဝန်းသျင်အပေါ် အကျိုးသက်ရောက်မှု မီးခိုး/မြူငွေ့နှင့်လေထုညစ်ညမ်းမှု လျှော့ချရမည့်နည်းလမ်းများ၊ မီးခိုး/မြူငွေ့နှင့်လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျော့နည်းစေရေးအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိ လိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်သစ်တော်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့အ.ထ.က၊ တံတားဦးမှ ကျောင်းအုပ် ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၀၇)ဦး တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)