(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် စာစီစာကုံး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးလုပ်ငန်းများကို လူထုအခြေပြုဗဟိုဌာနများတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) မူလတန်းအဆင့် စာစီစာကုံး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား အသိပညာပေးဟောပြောခဲ့ပြီး (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ကျင်းပခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲအား ကျင်းပခဲ့ပြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ ၃၅ ဦးတို့က အသီးသီပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)