ဝမ်းတွင်း နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ တစ်နိုင်တစ်ပိုင်ဆိတ်မွေးမြူရေး လုပ်ကိုင်သူများအဆင်ပြေလျက်ရှိပြီး ဆိတ်မွေးမြူသူများအနေဖြင့်အစာစရိတ်သက်သာပြီး အရင်းအနှီးနည်းနည်းဖြင့် အပိုဝင်ငွေများ ရရှိနိုင်သော တစ်နိုင်တစ်ပိုင်ဆိတ်မွေးမြူရေးလုပ်ငန်းဖြစ်ပြီး ယခုအချိန်တွင် ဆိတ်ဈေးပြန်လည်လှုပ်လာ၍ မွေးမြူသူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဆိတ်မွေးမြူသူ ဦးထွန်းအေးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့သည် ယက္ကန်းမြို့တော်တစ်ခု ဖြစ်ကြီး တောင်သူလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်နေသောမြို့တစ်မြို့ဖြစ်သည်။မိုးရေချိန်ရရှိမှုပေါ်မူတည်၍ တောင်သူလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်လျက်ရှိရာ ယနေ့အချိန်တွင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူခြင်းများကို လုပ်ကိုင်လာသူများလည်း တိုးပွားလျက်ရှိသည်။ ဆိတ်မွေးမြူရေးသည် အဓိကကျတဲ့ ကျွေးမွေးစရိတ် (အစာဖိုး) သက်သာတယ်သူအတွက် အစာဖိုးသီးသန့်မကုန်ဖူး၊ သဘာဝအလျောက်လွတ်ကျောင်းပုံစံနဲ့ နေတာဖြစ်လို့ မွေးမြူသူတွေအနေနဲ့ တွက်ခြေကိုက်ကြတယ်၊ လက်ရှိ ဆိတ်မဒါန်းပေါက်ဈေး (၅၀၀၀၀)ကျော်၊ ဆိတ်မကြီးတစ်ကောင်(၆၀၀၀၀)ဝန်းကျင်၊ ဆိတ်ပေါက်တစ်ကောင် (၁)သိန်းကျော် ပေါက်ဈေးရှိပြီး ဆိတ်မတစ်ကောင်မှာ တစ်နှစ်သားပေါက်(၂)ကြိမ်နဲ့ တစ်ဗိုက်ရှိတာကြောင့် မွေးမြူသူတွေအတွက် တွက်ချေကိုက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုအချိန်တွင် ဆိတ်ဈေးနှုန်းတက်လာကာ ဝယ်သူများလာကြောင်း ဆိတ်မွေးမြူသူက ဆက်လက်ရှင်းပြသည်။
ဝမ်းတွင်းမြို့နယ်အတွင်း လက်ရှိကာလတွင် စီးပွားဖြစ် ဆိတ်မွေးမြူသူများအပြင် တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများတိုးပွားလာကာ မိသားစုဘဝများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)