ရပ်စောက် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ချရေး မြို့နယ် အဆင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက နောင်ခမ်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ကျင်းပသည်။
ဟောပြောပွဲတွင် ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးမောင်က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊ မီးခိုးမြူကြောင့် ထိခိုက်စေနိုင်သော ကျန်းမာရေး၊ လူမှုရေးဖြစ်စဉ်များ၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် လက်တွေ့လိုက်နာဆောင်ရွက်နိုင်သော အချက်များ၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။
ဟောပြောပွဲသို့ နောင်ခမ်းအခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၉၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)