မြစ်သားမြို့နယ်တွင် သဘာဝဘေးရေးကြီးနစ်မြှပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဥစားကြက်များ ပြန်လည်ထောက်ပံပေးအပ်ပွဲကျင်းပ

မြစ်သား နိုင်ဝင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဥစားကြက်များ ပြန်လည်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ကသဲကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဒေါက်တာခင်အောင်၊ ကျောက်ဆည်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဒေါက်တာသိန်းမင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် အဖွဲ့ဝင်များ မြစ်သားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်တို့က ကသဲကုန်းကျေးရွာရှိ (MLDC) ကြက်ခြံပိုင်ရှင် ဒေါက်တာကျော်ထင်အား သဘာဝဘေးရေကြီးနစ်မြှပ်မှုကြောင့် ဆုံးရှုံးသွားသော ဥစားကြက်သားကောင်ရေ(၂၀၀၀၀)အတွက် ဥစားကြက်သားပေါက်(၁)ကောင်လျှင် (၂၃၀၀/-)ကျပ်နှုန်း ထောက်ပံ့ငွေစုစုပေါင်း (၄၆၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)