လှိုင် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) အချိန်က အ.ထ.က(၁)၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီ၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက လူငယ်စကားဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးကာ Grade-11 မှ ကျောင်းသား မောင်မင်းထက်က "လူငယ်နှင့်စည်းကမ်း"၊ Grade-11မှ ကျောင်းသားသူရိန်ရဲထွဋ်လွင်က "လူငယ်နှင့်မူးယစ်ဆေး"၊ Grade-11 မှ ကျောင်းသူ မချောအိသဇင်က "လူငယ်နှင့်ယဉ်ကျေးမှု" အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား /ကျောင်းသူသုံးဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က(၁)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)