မရမ်းကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် ဆုံဆို့မေးခိုင်ကာကွယ်‌ဆေးနှင့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မရမ်းကုန်း နိုဝင်ဘာ ၂

မရမ်းကုန်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု DT နှင့် HPV ကာကွယ်ဆေးထိုးနှံမှု ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေးများ ထိုးနှံခြင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၂) နှင့် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးမှု (၁၂) ဦး ၊သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံပေးမှု (၄၇) ဦး၊ စုစု‌ပေါင်း (၅၉) ဦး ထိုးနှံ‌ပေးခဲ့‌ပြီး ကာကွယ်ဆေးကို အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)