မိုင်းကိုင်မြို့နယ်၌ (၁၀၄) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးနေလင်းထွန်းက အမျိုးသားအောင်ပွဲနေ့မှသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဆီသို့စသည့် ခေါင်းစဉ်များဖြင့်  ဆွေးနွေးဟောပြောရာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေး ခဲ့ကြသည်။

ထို့နောက် နယ်လှည့်စာကြည့်တိုက်ကို ဆက်လက်ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုကြပြီး  မိမိတို့ဖတ်ရှုလိုသည့်  သုတ/ရသ စာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများကို ငှားရမ်းဖတ်ရှုကာ  နယ်မြေခံတပ်မှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)