ပင်လုံမြို့၊ အလက - ၃ ကျောင်း၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ ဆောင်ရွက်

ပင်လုံ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) နံရံကပ် စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ ကျောင်းသူလေးများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူလူငယ်များအား ဟောပြောပွဲအကြောင်းအရာများအားမှတ်မိသိရှိသည်များကို မှတ်ဥာဏ်စွမ်းရည်များ ဖွံဖြိုးတိုးတက်စေရန်၊စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ ဉာဏများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြေဆိုနိုင်သည့်ကျောင်းသူလေးများအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။

ဆက်လက်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)