ကျိုင်းတောင်း နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာမူလတန်းကျောင်း(နမ့်တွန်)သို့သွားရောက်၍ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ ၁၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသား/ကျောင်းသူများကို မူးယစ်အဆေးဝါးနှင့်ပတ်သက်သော သိသင့်သိထိုက်သည့်အရာများ မူးယစ်ဆေးနှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သော စံနမူနာပုံပြင်များကိုပြောပြပေးခဲ့ပြီး မူးယစ်ဆေးသည်မည်သို့သောအကြောင့်နှင့်မှ လက်တည့်စမ်းမထိတွေ့သင့်သောအရာဖြစ်ကြောင်း သတိပေးပြောကြားခဲ့ကြောင်း သိရပါသည်။
ထို့နောက် အခြေခံပညာမူလတန်းကျောင်း(လုံကောင့်)ရှိ ကျောင်းသား/ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)