ပြင်ဦးလွင် နိုဝင်ဘာ ၂၁
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက် အခြေခံပညာအထက်တန်းကျောင်းနှင့် အနီးစခန်းအခြေခံပညာအထက်တန်းကျောင်းတို့တွင် ယမန်မနေ့နံနက်ပိုင်းက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်တို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ကလေးများအနေဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရနေစေရန်၊ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး အစရှိသည့် သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် ကျွဲနွားထောက်အခြေခံပညာအထက်တန်းကျောင်းနှင့် အနီးစခန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေး စိတ်ဓာတ်အားမာန်၊ အမျိုးသားညီညွတ်ရေး၊ မွေးရာပါအမျိုးသားရေးတာ၀န် အစရှိသည့် အကြောင်းအရာများ ပါ၀င်သည့် အမျိုးသားနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)