မိုင်းဖြတ်မြို့နယ်၌ (၁၀၄) နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့အကြို အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

မိုင်းဖြတ် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ၂၅ ရက်​နေ့မှာကျ​ရောက်မည့် (၁၀၄) နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့အထိမ်းအမှတ်အကြို အသိပညာ​ပေး​ဟော​ပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က မြန်မာနိုင်ငံ၏ သမိုင်းဝင်​နေ့ထူး​နေ့မြတ်များအ​ကြောင်း သိ​ကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓာတ်များ အစဉ်နိုးကြားနေစေရန်အလို့ငှာ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့ကို အမျိုးသား​အောင်ပွဲနေ့ သတ်မှတ်ခဲ့ပုံနှင့် ဖြစ်​ပေါ်လာပုံသမိုင်းအ​ကြောင်းများကို ရှင်းလင်း​ဟော​ပြောခဲ့သည်။ ထို့​နောက် စာကြည့်တိုက်လက်​ထောက်-၃ ​ဒေါ်နန်း​ကောင်ခမ်းက ​ကျောင်းသား၊ ​ကျောင်းသူ လူငယ်​မောင်မယ်များအ​နေဖြင့် မြန်မာ့သမိုင်းဝင် ​နေ့ထူး​နေ့မြတ်များကို အစဥ်သတိရတန်ဖိုးထား​စေရန်နှင့် အမျိုးသား​ရေးစိတ်ဓါတ်ကိုအခြခံကာ ကာကွယ်​စောင့်​ရှောက်သင့်ပုံများကို ပညာ​ပေး​ပြောကြားခဲ့​ကြောင်း သိရသည်။

ဆက်လက်၍​ဟော​ပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၁၀၄)နှစ်​မြောက်အမျိုးသား​အောင်ပွဲ​နေ့အကြို အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို ​ကျောင်းသား၊ ​ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)