ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာတွင် စာကြည့်တိုက်အခြေခံပညာသင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် နို၀င်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာရှိ ပညာရောင်ခြည် စာကြည့်တိုက်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်တတ်စေရေးနှင့် စာကြည့်တိုက်၀န်ဆောင်မှုလုပ်ငန်းများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီက စာကြည့်တိုက်အခြေခံပညာသင်တန်းဖွင့်လှစ်ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ ဦးစီးအရာရှိဒေါ်တင်ဇာလွင်နှင့် စာကြည့်တိုက်မှူး ဒေါ်သော်တာခိုင်ထွေးတို့မှ စာကြည့်တိုက်အင်္ဂါရပ်များ၊ စာကြည့်တိုက်အမျိုးအစားများ၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ ပညာရပ်ခွဲနည်းများ စသည့်အကြောင်းအရာများကို သင်ကြားပို့ချသည်။

အဆိုပါ စာကြည့်တိုက်အခြေခံပညာသင်တန်းသို့ စာကြည့်တိုက် (၅) တိုက်မှ စာကြည့်တိုက်တာ၀န်ခံများ၊ စာကြည့်တိုက်မှူးများ တက်ရောက်ကြပြီး (၂၀.၁၁.၂၀၂၄) ရက်နေ့မှ (၂၁.၁၁.၂၀၂၄) ရက်နေ့အထိ (၂)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)