ကျိုင်းတောင်းမြို့၌ အ.မ.က (လုံကောင့်) ကျောင်းသို့ အမျိုသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတောင်း နိုဝင်ဘာ ၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  အခြေခံပညာမူလတန်းကျောင်း (လုံကောင့်) သို့ သွားရောက်၍ အမျိုးသားအောင်ပွဲနေ့ ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းစွာ နာလည်သဘောပေါက်စေရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခြေခံပညာမူလတန်းကျောင်း (လုံကောင့်) ရှိ ကျောင်းသား ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)