မြင်းခြံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV) စတင်တိုက်ကျွေး

မြင်းခြံ နိုဝင်ဘာ ၂၁

မန္တ‌‌လေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine - OCV) တိုက်ကျွေးခြင်းကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာသန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများသည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ပူးပေါင်းကာ မြင်းခြံမြို့နယ် အမှတ် ၁၁ ရပ်ကွက်ရှိ ရွှေစေတီဓမ္မာရုံ၌ ပြည်သူလူထု (၂၅၀) ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine - OCV) စတင်တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမှတ် ၁၁ ရပ်ကွက်ရှိ တစ်နှစ်အထက် စုစုပေါင်းလူဦးရေ (၂၀၈၀) ဦးအား OCV ကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)