ဟိုပုံး နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာလှည့်လည်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိ ရာ စိန်နားပန်မီးပျံများ လွှတ်တင်ပူဇော်ပြီး ရပ်နီး/ရပ်ဝေး ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာလာ ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၃) ရက်နေ့ထိ မီးပုံးပျံငယ်၊ ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန် မီးပုံးပျံများ၊ မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)