မိုင်းယောင်းမြို့၌ ဝါသနာတူကလပ်အသင်းဖွဲ့များ စာဖတ်ဝိုင်းပြုလုပ်

မိုင်းယောင်း နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာပေ ချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့စရိုက်ဆိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာအုပ်စာပေချစ်မြတ်နိုးသော ဝါသနာတူ ကလပ်အသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့စရိုက်ဆိုးစာအုပ်မှ လူငယ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအကြောင်းကို ဦးဆောင်ဖတ်ကြားသည်။

ထို့နောက် Book Club မှ မဝင်းသဇင်က လူငယ်နဲ့အောင်မြင်ရေးအကြောင်း၊ ရုပ်သံကျွမ်းကျင် (၃) ဒေါ်နန်းစီဖေါင်းက လူငယ်နဲ့ကျင့်ဝတ်များအကြောင်း၊ Youth Club မှ နန်းမွေဟွမ်လျဲန်းက လူငယ်နဲ့ လူမှုကွန်ရက်အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က လူငယ်နဲ့စည်းကမ်းအကြောင်းတို့ကို ဖတ်ကြားခဲ့ကြပြီး မိမိတို့ဖတ်ခဲ့သည့် အကြောင်းအရာနှင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)