ခိုလမ်မြို့၊ မူလွန်(ဝမ်ဖွီး)ကျောင်းတွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ

ခိုလမ် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာမူလွန်(ဝမ်ဖွီး)ကျောင်းတွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် () နာရီအချိန်က ကျင်းပခဲ့​သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး) ဦးလွှမ်းသူနောင်မှ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများ အနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်ပြောကြားခဲ့ပြီး မူလတန်းပြ ဆရာမဒေါ်နန်းခမ်းနွမ်းမှ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်ခဲ့သော ကျောင်းသား/သူ (၁၂၀) ဦးတို့မှ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)