မိုင်းခတ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ မြို့ပြပင်စင် (၂၂) ဦး၊ ကာကွယ်ရေးပင်စင် (၁၀၃) ဦး၊ နိုင်ငံရေးပင်စင် (၁၆) ဦး စုစုပေါင်း (၁၄၁) ဦးတို့ကို လကုန်ရက်တစ်ရက်မှလွှဲ၍ ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးဝင်းဇော်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)