ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ခိုလမ် နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးနှင့်ဝန်ထမ်းများမှ နိုဝင်ဘာလ (၂) ရက်မှ  (၃) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီထိ အငြိမ်းစားဝန်ထမ်း (၁၀၀) ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)