မြင်းခြံ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးခြင်းကို နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာသန်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲဝင်များနှင့်ပူးပေါင်းကာ မြင်းခြံမြို့နယ် အမှတ်၁၁ရပ်ကွက်ရှိ ရွှေစေတီဓမ္မာရုံ၌ ပြည်သူလူထု (၂၅၀)ဦးအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oral Cholera Vaccine - OCV ) စတင်တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်၁၁ရပ်ကွက်ရှိ တစ်နှစ်အထက် စုစုပေါင်း လူဦးရေ(၂၀၈၀)ဦးအား OCV ကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)