မိုင်းခတ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းခတ် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန်ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ကျောင်းသား/ကျောင်းသူများအား ပြင်ပဗဟုသုတများ ရရှိစေရန် စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာကြရန်လိုကြောင်းနှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်‌စေရန် (၁၀၄) နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့(အကြို) အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများအား “အမျိုးသားအောင်ပွဲနေ့”  ဖြစ်ပေါ်လာပုံ  သမိုင်းအကျဉ်းချုပ်ကို အသိပညာပေး ရှင်းလင်းဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကျောင်းသား၊ ကျောင်းသူများနှင့် ဉာဏ်စမ်းဂိမ်းကစားနည်းကို ပျော်ရွှင်စွာဆော့ကစားကြပြီးက‌လေးများအား အာဟာရမုန့်များ ဝေငှကာ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)