တောင်သာ နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြိုနယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော ခေါင်ဆောင်မှုအတွေး၏ အရေးပါမှု စာအုပ်မှ လုပ်စရာကိုင်စရာအတွက် လက်နှစ်ဖက်ပါလာ၏။ သွားစရာလာစရာအတွက် လမ်းလျှောက်နိုင်သော၊ ပြေးနိုင်သော ခြေထောက်နှစ်ဖက်ပါသေး၏။ ခေါင်း၊ ခန္ဓာ၊ လက်၊ ခြေတို့သာမက ကိုယ်တွင်းအစိတ်အပိုင်းများ အားလုံးသည် သူ့နေရာနှင့်သူ လူသားတစ်ယောက်ကို အသက်ရှင်ရပ်တည်နိုင်စေရန် အထောက်အကူပြုနေကြလေသည်။ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ အူသိမ်၊ အူမကြီး စသည့်ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးတို့သည် အံ့သြစဖွယ် ဆန်းကြယ်စွာ သူ့အလုပ်သူလုပ်ကြ၏။ ကျောရိုးမကြီးက သူ့အလုပ်သူလုပ်၏။ လက်မောင်းရိုး၊ လက်ချောင်းရိုးစသည်တို့က သူ့အလုပ်သူ လုပ်၏။ ကြွက်သား၊ အကြောစသည်တို့ကလည်း ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)