မိုင်းရယ် နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လယ် (၁) နာရီခွဲက မြို့နယ်ရုံး၊ စာကြည့်တိုက် ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် မိုင်းရယ်မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသားနေ့၏ အရေးကြီးပုံတို့ကို ဆွေးနွေးဟောပြောသည်။
ထို့နောက် အ.လ.က နှင့် မူလွန်(၁)ကျောင်းတို့မှ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၀) ဦးတို့က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးများကို ယှဉ်ပြိုင်ကြသည်။ ယင်းနောက် ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်(ပြန်/ဆက်)