တာချီလိတ်၌ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်) နဝမအကြိမ် အသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပ

တာချီလိတ် နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) နဝမအကြိမ် (၂ဝ၂၅-၂၀၂၇) သက်တမ်းအတွက် အလုပ်အမှုဆောင် ကော်မတီရွေးချယ် တင်မြောက်ပွဲ အခမ်းအနားကို ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ 1G1-11 Hotel အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) ဥက္ကဋ္ဌ ဦးထွန်းနေဦးက အဖွင့်အမှာစကား ပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလင်းထွဋ်ဦးက ဟိုတယ်ဆိုင်ရာ ခရီးသွားလာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်) MAA တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်အားနာက နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းအား ရှင်းလင်းတင်ပြပြီး (၂ဝ၂၅-၂၀၂၇) သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြောက်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်နှင့် ကျိုင်းတုံဇုံတို့တွင် ခရီးသွားလာရေးလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ရေးဘေးသင့် ဟိုတယ်ဝန်ထမ်း (၁၀၀) ကျော်အား တစ်ဦးလျှင် ငွေကျပ် (၇၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)