မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေး ‌အသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းပန် နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရဲတပ်ဖွဲ့၊ ဥပဒေရုံး၊ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ဥပဒေအရာရှိတို့က မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအရေးယူခံရနိုင်မှုနှင့် ပစ်မှုပစ်ဒဏ်များ၊ မြို့နယ်ကျောင်းကျန်းမာရေးဆရာမမှ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားနိုင်သည့်ရောဂါများနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ မြို့နယ်အားကစားမှူးမှ လူငယ်နှင့်အားကစားအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသီးသီးရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/သူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)