ညောင်ရွှေ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက သလဲဦးကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို ရှင်းလင်းဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်