ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဒဂုံတောင် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အသိပညာ၊ ဗဟုသုတမျှဝေဆွေးနွေးတတ်စေရန် လူငယ်စကားဝိုင်းကို ယနေ့နံနက် နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင် (၂) ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးနှင့် အမှတ်(‌၆)အ‌ခြေခံပညာအထက်တန်းကျောင်းအထက်တန်းပြဆရာမ ဒေါ်ကေခိုင်လွင်တို့က ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ကာ GRADE-10 မှ မယွန်းနဒီကျော်က လူငယ်နှင့်စာပေGRADE-11 မှ မောင်ကောင်းစည်သူထွဋ်က လူငယ်နှင့်ယဉ်ကျေးမှုGRADE-12 မှ မောင်အောင်သက်ပိုင်က လူငယ်နှင့် နည်းပညာGRADE-11မှ မနန်းကေခိုင်က လူငယ်နှင့်စာရိတ္တGRADE-10 မှ မောင်ထူးခန့်အောင် လူငယ်နှင့်အားကစားနှင့် GRADE-11 မှ မသိင်္ဂီဇော် “လူငယ်နှင့်ကျန်းမာ‌ရေး” ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ကဏ္ဍအလိုက်ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးကြသည်။

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ဆွေးနွေးသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေး ‌ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၀၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးအောင်