သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

သာစည် နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ် သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး ပြိုင်ပွဲတွင် ဆုရွေးချယ်ပေးမည့် ဦးမြတ်ကိုကို (ကာတွန်းလူမင်းအောင်)က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ပြိုင်ပွဲကိုစတင်ရာ သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၊ သီရိမင်္ဂလာမူလတန်းကျောင်း၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၆)ရပ်ကွက် အခြေခံ ပညာမူလတန်းကျောင်း၊ ခမရ(၄၂၀)အခြေခံပညာ မူလတန်းကျောင်းနှင့် အောင်မင်္ဂလာကိုယ်ပိုင်မူလတန်းကျောင်းတို့မှ ကျောင်းသား/သူစုစုပေါင်း ၃၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရပြီး ဆုရရှိသူများကို (၁၀၄)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)