ကျိုင်းတောင်းမြို့၌ အ.မ.က-မူလွန် (ကွန်မုံ) ကျောင်းသို့ အမျိုသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကျိုင်းတောင်း နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာမူလတန်းလွန်ကျောင်း (ကွန်မုံ) သို့ သွားရောက်၍ အမျိုသားအောင်ပွဲနေ့ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းစွာ နာလည်သဘောပေါက်စေရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အခြေခံပညာမူလတန်းလွန်ကျောင်း (ကွန်မုံ) ရှိ ကျောင်းသား ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)