အ.လ.က ကျောင်းများ၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

နောင်တရား နိုဝင်ဘာလ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု ဆည်ခေါင်းအခြေခံပညာအလယ်တန်းကျောင်းနှင့် နန်းပုလင်းကျေးရွာအုပ်စု နန်းပုလင်းအခြေခံပညာအလယ်တန်းကျောင်းများ၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဆည်ခေါင်းအခြေခံပညာအလယ်တန်းကျောင်းတွင် အမျိုးသားနေ့သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်ဓါတ်အကြောင်းကို ဟောပြောသည်။ နန်းပုလင်းအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးခွန်အောင်ဟန်က အမျိုးသားနေ့မှ လွတ်လပ်ရေးဆီသို့ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် အမျိုးသားနေ့သမိုင်းအကြောင်းကို ဗီဒီယိုဖြင့် တင်ပြခြင်းနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများပြသခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွာခဲ့ကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)