ခိုလမ်မြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ခိုလမ် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ဟိုင်းလိုက်ကျေးရွာအုပ်စုတွင် ယနေ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ခိုလမ်မြို့ ​မြေစာရင်းဦးစီးဌာန၊ မြို့ဦးစီးဌာနမှူး ဦးဇော်နိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့်ဝန်ထမ်းများမှ မိုးစပါးစံကွက်စိုက်ခင်း (ကွင်းအမှတ်(၁၇၅)၊ ဦးပိုင်အမှတ်(၃) တောင်သူ ဒေါ်နန်းရင် လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ (၆•၉၅)ဧကအား အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း စပါးမျိူးသစ်(YSR-1)မျိုး စပါးစိုက်ခင်းအား ရိတ်သိမ်းရာတွင် တစ်ဧက အစိုတင်း( ၁၂၈•၈၇)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)