ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ပင်လုံ နိုဝင်ဘာ၂၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ပင်လုံမြို့ အမှတ် (၂) အ​ခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများ လက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်မြှင့်တတ်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံလက်ဝယ်အရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပင်လုံမြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအား အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)