ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၂၀

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဧရာထက်က လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို မြို့နယ်အတွင်း ရပ်ကွက် ၂၄ ရပ်ကွက်ရှိ ဦးတည် အုပ်စုများဖြစ်သည့် အသက်တစ်နှစ်အထက် ကလေး၊ လူကြီးများအားလုံးကို နိုဝင်ဘာ ၁၉ ရက်နေ့မှ စတင်ကာ သတ်မှတ်ရက် ၁၂ ရက်အတွင်း အပြီးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့