မရမ်းကုန်း နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနတို့ပူးပေါင်းပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မရမ်းကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးရဲနောင်ချစ်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်အတွက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်များနှင့် သိကောင်းစရာများပြောကြားခြင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာကျော်ထင်ရာဇာ(အင်းမ)က နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြတ်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်များထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအကြောင်းများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်၊ ကဗျာရွက်ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး အမှတ်တရလက်ဆောင်များချီးမြှင့်ပေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)