မရမ်းကုန်း နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ ဆက်)