ပြင်ဦးလွင်မြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ ကာကွယ်ဆေး  တိုက်ကျွေးခြင်းဆိုင်ရာ  အသိပညာပေးညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် နို၀င်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီခွဲအချိန်က  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ ပြည်သူ့ဆေးရုံ၀င်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းအိမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ပြောကြားခြင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာငြိမ်းချမ်းမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (OCV)ကာကွယ်ဆေး တိုက်ကျွေးရေးနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိဖြိုးအောင်မှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(OCV) ကာကွယ်ဆေး  ဆောင်ရွက်မည့် အစီအစဉ်အား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဌာနဆိုင်ရာများမှ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲသူရဝဏ္ဏစိုးအောင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး၊ ခရိုင်ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ သင်းသင်းအိ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိဖြိုးအောင်နှင့်ပြည်သူ့ဆေးရုံကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း  တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)