တပ်ကုန်း နိုဝင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့်ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသွယ်တို့က မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီးဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ထိ ၃၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးခဲ့သည်။
အဆိုပါကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီမှမတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် အလျား ၂၀ပေ၊ အနံ ၁၉ ပေရှိ တစ်ထပ် စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရပြီး၊ အိမ်ထောင်စု ၃၄၇ စု၊ လူဦးရေ ၁၄၇၈ ဦး နေထိုင်ကြပြီး၊ စိုက်ပျိုးရေးလုပ်ငန်းအဓိကဆောင်ရွက်ကြကြောင်း သိရသည်။
တင်စိုးလွင်